စလင်း၀ါ​ကျောက်အကြောင်းသိကောင်းစရာဗဟုသုတ

စလင်း၀ါ​ကျောက်သည် နို၀င်ဘာလတွင်​မွေး​သော ​မွေးဖွားသူတို့အတွက် အ​ဆောင်ရတနာတစ်ပါးလည်းဖြစ်သည်။ ရှားပါးသည့်ကျောက်အမျိုးအစား မဟုတ်​သော​ကြောင့် ​စျေးနှုန်းသင့်တင့်ပြီး ၀တ်ဆင်ရာတွင် အလွန်လှပသည်။  စလင်း၀ါဟု ဆိုသည့်အတိုင်း အ၀ါ​ရောင်ရှိသည်။ ဝတ်ဆင်သူများ၏စိတ်ကို တည်ငြိမ်​အေးချမ်းမှုပါ ​ပေးစွမ်းနိုင်သည်။ သလင်း၀ါဟုလည်း ​ခေါ်ကြ​သေးသည်။ သူ့ရဲ့အ​ရောင်မှာ အ၀ါ​ရောင်​ဖျော့​ဖျော့ ရှိသလို လိမ်​မော်​ရောင်လည်းရှိသည်။ စီးပွား​ရေးသမားများနှင့် ​ကျောက်ပညာရှင်များက လာဘ်​ခေါ်​ကျောက်လို့လည်း တင်စား​ခေါ်​ဝေါ်​သေးသည်။ မြန်မာနိုင်ငံမိုးကုတ်​ဒေသတွင် အများဆုံးထွက်ရှိပီး အခြား​ဒေသများတွင်လည်း အနည်းငယ် ​တွေ့ရတတ်သည်။ ဝါညို​ရောင် ဝါစိမ်း​ရောင်တို့သည် ရှားပါး​သော​ကြောင့် မြင်​တွေ့ရခဲသည်။

ပုလဲအကြောင်းသိကောင်းစရာဗဟုသုတ

န၀ရတ်ကိုးပါးတွင် တစ်ပါးအပါ၀င်​ဖြစ်သော ပုလဲသည် အလွန်အဖိုးထိုက်လှသည်။မြန်မာလူမျိုးတို့က ပုလဲကို ရတနာတစ်ပါးအဖြစ် ၀တ်ဆင်သလို တန်ဖိုးလည်း ထားကြသည်။ပုလဲသည် ပင်လယ်တွင်​နေထိုင်​သော ကမာ​ကောင်​လေးများ​၏ ကိုယ်တွင်းမှ ရရှိ​သော အရာဖစ်သည်။ ပုလဲသည် ထူးခြားသည့် တန်ခိုးအာနိသင်များရှိသည့်အပြင် ကျက်သ​​ရေမဂ်လာလည်း ရှိသည်။ တခြား​သော​ကျောက်များကဲ့သို့ ပုံ​ဖော်ခြင်း ပြုလုပ်စရာမလိုပဲ ပြီးပြည့်စုံ​သော အလှတရားနဲ့ သဘာ၀အတိုင်း လှသည်။ သဘာ၀ပုလဲနှင့် ​မွေးပုလဲဆိုပီး ရှိ​သော်လည်း မြိတ်​ဒေသမှထွက်​သော သဘာ၀ပုလဲသည် အ​ကောင်းဆုံးဖြစ်သည်။ ပုလဲတွင် အ​ရောင် အမျိုးအစားများလည်းရှိသည်။ ​ရွှေ​ရောင်အဆင်းရှိ​သော ပုလဲ၊ ပုလဲနက်၊ဆင်စွယ်​ရောင်ရှိ​သော ပုလဲတို့ကို အများဆုံး​တွေ့ရသည်။အပြစ်အနာအဆာကင်း​သောပုလဲသည် ရှားပါး​သော​ကြောင့် ​စျေး​ကောင်းပိုရသည်။ ပုလဲသား ပါးလွှာ​နေရင်လည်း ပုလဲ၏​စျေး ကျဆင်းတတ်သည်။ ပုလဲတစ်လုံးနှင့်တစ်လုံး တိကျစွာ တူညီနိုင်ရန် မလွယ်ကူလှ​ပေ။ ​တောင်ပင်လယ်​ဒေသမှထွက်​သော ပုလဲသည် သက်တန့်​ရောင်စဥ်ကဲ့သို့ မျက်နှာပြင်တွင် ​ရောင်စုံဖြာထွက်လျှင် ​​​စျေး​ကောင်းပိုရသည်။

ခရမ်းဆွဲကျောက်အကြောင်းသိကောင်းစရာဗဟုသုတ

ခရမ်းဆွဲကျောက်သည် သဘာဝတွင်းထွက်နှင့် လူလုပ်ဆေးသွင်းကျောက် ဆိုပြီးနှစ်မျိုးရှိသည်။ သာမာန်အားဖြင့် သဘာဝတွင်းထွက်ခရမ်းဆွဲကျောက်မှာ ထူးခြားစွမ်းအင်နှင့် ဂုဏ်သတ္တိ များစွာရှိသည်။ သို့သော် လူလုပ်ဆေးသွင်းကျောက်မှာမူ သာမာန်မျှသာ ဖြစ်သည်။ လှပပြီးဝတ်ဆင်လိုက်သည်နှင့် အလွန်ကျက်သရေ  ရှိသော ထိုခရမ်းဆွဲကျောက်သည် ၁။ ဘေးအန္တရာယ်များ အပေါင်းမှကာကွယ်ပေးနိုင်ခြင်း ၂။ ညဏ်ရည်ဖွံဖြိုးတိုးတတ်ခြင်း ၃။ ငြိမ်းချမ်းခြင်း ၄။ တည်ငြိမ်ခြင်း ၅။ ရဲစွမ်းသတိရှိခြင်း ၆။ ခွန်အားကြီးခြင်း တို့ကိုပေးစွမ်းနိုင်ပါသည်။ ခရမ်းဆွဲကျောက်သည် လူကြိုက်အများဆုံးနှင့် လက်ဝတ်ရတနာ များဖန်တီးလိုက်တဲ့အခါ အလှပဆုံးကျောက်ဖြစ်ပြီး အလွန်နှစ်သက် မြတ်နိုးဖွယ်ကောင်းသည်။ ဗေဒင်အယူအဆများအရ ဗုဒ္ဓဟူး သားသမီးများအတွက် အသင့်တော်ဆုံံအဆောင်ရတနာဖြစ်သည်ဟု ရှေးပညာရှိများကဆိုမိန့်ခဲ့သည်။ အထူသဖြင့် ဖေဖော်ဝါရီလဖွား ဗုဒ္ဓဟူး သားသမီးအတွက်ပိုပြီးသင့်တော်သည်ဟု လေ့လာသိရှိရပါသည်။