ခရမ်းဆွဲကျောက်သည် သဘာဝတွင်းထွက်နှင့် လူလုပ်ဆေးသွင်းကျောက် ဆိုပြီးနှစ်မျိုးရှိသည်။
သာမာန်အားဖြင့် သဘာဝတွင်းထွက်ခရမ်းဆွဲကျောက်မှာ ထူးခြားစွမ်းအင်နှင့် ဂုဏ်သတ္တိ များစွာရှိသည်။ သို့သော် လူလုပ်ဆေးသွင်းကျောက်မှာမူ သာမာန်မျှသာ ဖြစ်သည်။
လှပပြီးဝတ်ဆင်လိုက်သည်နှင့် အလွန်ကျက်သရေ ရှိသော ထိုခရမ်းဆွဲကျောက်သည်
၁။ ဘေးအန္တရာယ်များ အပေါင်းမှကာကွယ်ပေးနိုင်ခြင်း
၂။ ညဏ်ရည်ဖွံဖြိုးတိုးတတ်ခြင်း
၃။ ငြိမ်းချမ်းခြင်း
၄။ တည်ငြိမ်ခြင်း
၅။ ရဲစွမ်းသတိရှိခြင်း
၆။ ခွန်အားကြီးခြင်း တို့ကိုပေးစွမ်းနိုင်ပါသည်။
ခရမ်းဆွဲကျောက်သည် လူကြိုက်အများဆုံးနှင့် လက်ဝတ်ရတနာ များဖန်တီးလိုက်တဲ့အခါ အလှပဆုံးကျောက်ဖြစ်ပြီး အလွန်နှစ်သက် မြတ်နိုးဖွယ်ကောင်းသည်။ ဗေဒင်အယူအဆများအရ ဗုဒ္ဓဟူး သားသမီးများအတွက် အသင့်တော်ဆုံံအဆောင်ရတနာဖြစ်သည်ဟု ရှေးပညာရှိများကဆိုမိန့်ခဲ့သည်။ အထူသဖြင့် ဖေဖော်ဝါရီလဖွား ဗုဒ္ဓဟူး သားသမီးအတွက်ပိုပြီးသင့်တော်သည်ဟု လေ့လာသိရှိရပါသည်။