စလင်း၀ါကျောက်သည် နို၀င်ဘာလတွင်မွေးသော မွေးဖွားသူတို့အတွက် အဆောင်ရတနာတစ်ပါးလည်းဖြစ်သည်။ ရှားပါးသည့်ကျောက်အမျိုးအစား မဟုတ်သောကြောင့် စျေးနှုန်းသင့်တင့်ပြီး ၀တ်ဆင်ရာတွင် အလွန်လှပသည်။ စလင်း၀ါဟု ဆိုသည့်အတိုင်း အ၀ါရောင်ရှိသည်။ ဝတ်ဆင်သူများ၏စိတ်ကို တည်ငြိမ်အေးချမ်းမှုပါ ပေးစွမ်းနိုင်သည်။ သလင်း၀ါဟုလည်း ခေါ်ကြသေးသည်။ သူ့ရဲ့အရောင်မှာ အ၀ါရောင်ဖျော့ဖျော့ ရှိသလို လိမ်မော်ရောင်လည်းရှိသည်။ စီးပွားရေးသမားများနှင့် ကျောက်ပညာရှင်များက လာဘ်ခေါ်ကျောက်လို့လည်း တင်စားခေါ်ဝေါ်သေးသည်။ မြန်မာနိုင်ငံမိုးကုတ်ဒေသတွင် အများဆုံးထွက်ရှိပီး အခြားဒေသများတွင်လည်း အနည်းငယ် တွေ့ရတတ်သည်။ ဝါညိုရောင် ဝါစိမ်းရောင်တို့သည် ရှားပါးသောကြောင့် မြင်တွေ့ရခဲသည်။