ပုလဲအကြောင်းသိကောင်းစရာဗဟုသုတ

န၀ရတ်ကိုးပါးတွင် တစ်ပါးအပါ၀င်​ဖြစ်သော

ပုလဲသည် အလွန်အဖိုးထိုက်လှသည်။မြန်မာလူမျိုးတို့က ပုလဲကို ရတနာတစ်ပါးအဖြစ် ၀တ်ဆင်သလို တန်ဖိုးလည်း ထားကြသည်။ပုလဲသည် ပင်လယ်တွင်​နေထိုင်​သော ကမာ​ကောင်​လေးများ​၏ ကိုယ်တွင်းမှ ရရှိ​သော အရာဖစ်သည်။ ပုလဲသည် ထူးခြားသည့် တန်ခိုးအာနိသင်များရှိသည့်အပြင် ကျက်သ​​ရေမဂ်လာလည်း ရှိသည်။ တခြား​သော​ကျောက်များကဲ့သို့ ပုံ​ဖော်ခြင်း ပြုလုပ်စရာမလိုပဲ ပြီးပြည့်စုံ​သော အလှတရားနဲ့ သဘာ၀အတိုင်း လှသည်။ သဘာ၀ပုလဲနှင့် ​မွေးပုလဲဆိုပီး ရှိ​သော်လည်း မြိတ်​ဒေသမှထွက်​သော သဘာ၀ပုလဲသည် အ​ကောင်းဆုံးဖြစ်သည်။ ပုလဲတွင် အ​ရောင် အမျိုးအစားများလည်းရှိသည်။ ​ရွှေ​ရောင်အဆင်းရှိ​သော ပုလဲ၊ ပုလဲနက်၊ဆင်စွယ်​ရောင်ရှိ​သော ပုလဲတို့ကို အများဆုံး​တွေ့ရသည်။အပြစ်အနာအဆာကင်း​သောပုလဲသည် ရှားပါး​သော​ကြောင့် ​စျေး​ကောင်းပိုရသည်။ ပုလဲသား ပါးလွှာ​နေရင်လည်း ပုလဲ၏​စျေး ကျဆင်းတတ်သည်။ ပုလဲတစ်လုံးနှင့်တစ်လုံး တိကျစွာ တူညီနိုင်ရန် မလွယ်ကူလှ​ပေ။ ​တောင်ပင်လယ်​ဒေသမှထွက်​သော ပုလဲသည် သက်တန့်​ရောင်စဥ်ကဲ့သို့ မျက်နှာပြင်တွင် ​ရောင်စုံဖြာထွက်လျှင် ​​​စျေး​ကောင်းပိုရသည်။