@မြန်မာ့ရွှေနဲ့ကမ္ဘာ့ရွှေအလေးချိန်ဘာကွာလဲ ?? လို့ – လူတော်တော်များများ အမေးများကြပါတယ်။
ကဲ အတူတူ လေ့လာကြည့်ရအောင်!
၁ကျပ် = ၁၆ ပဲ
၁ပဲ = ၈ ရွေး
၁ကျပ် = ၁၂၈ ရွေး
၁ကျပ် = ၁၆.၆၀၆ ဂရမ်
၂ပဲ = ၁ မူး
၄ပဲ = ၁ မတ်
၈ပဲ =၅ မူး
ခြွင်းချက် ( ၂ ပဲဲကို ၁ မူးလို့ခေါ်ကြပေမယ့် ၈ ပဲဲကို ၅ မူးလို့ ခေါ်ကြပါတယ် )
၁ကျပ်သားမှာ=3,000,000 ရှိတယ်ဆိုပါဆို့စို့..
၁ – ပဲတန်ဖိုးရချင်ရင်
30,00000÷16 ပဲ =187,500
၁ကျပ်မှာ ၁၆ပဲ ရှိလို့ ၁ ပဲ တန်ဖိုးသိချင်ရင် ၁၆ နဲ့စားလိုက်ရုံပါဘဲ။
၁-ပဲဲဖိုး= ရွှေစျေး ÷ ၁၆
ဥပမာ- ၁၆ပဲရည်စျေးနှုန်း 30,00000ကျပ်
30,00000 ÷16= 187500
၁ပဲဲဖိုးသိရပြီဆိုရင် –
၂ပဲဲဖိုးသိချင်ရင် ၂ နဲ့မြှောက်လိုက်ရုံပါဘဲ။
၁ ရွေးဖိုးသိချင်ရင်
၁ကျပ်= ၁၂၈ ရွေး
30,00000÷128=23437
၁ ရွေး = 23437
ကမ္ဘာ့ရွှေမှာတော့
1 အောင်စ= 1.875ကျပ်သား
1 ဂရမ်= 0.06022 ကျပ်သား
1အောင်စ ကို 1.875 နဲ့စားလိုက်ရင်
၁ကျပ်သားစျေးရပါပြီ။
ကမ္ဘာ့ရွှေ 1အောင်စ=1711$
၁ကျပ်သားစျေးက USD $ နဲ့ ဖြစ်နေတဲ့အတွက် လက်ရှိပေါက်စျေး
1 USD နဲ့မြှောက်လိုက်ရင်
၁ကျပ်သား စျေးရပါပြီ။
ကမ္ဘာ့ရွှေ တစ်ကျပ်သားကို မြန်မာငွေ ဘယ်လောက်ကျသလဲ။??
မြန်မာ့ရွှေစျေးနဲ့ ကမ္ဘာ့ရွှေစျေး
ဘယ်သူက ပိုမြင့်လဲ နှုိင်းယှဥ်ကြည့်လို့ရပါပြီ။
#မူရင်းရေးသားသူကို credit ပေးပါတယ်။

See insights
Boost a post
All reactions:
412412