★ ပတ္တမြား အရည်အသွေးများ ★
====================
❝ ပတ္တမြား ❞ လို့ ဆိုလိုက်တာနဲ့ မိုးကုတ်ကို ပြေးမြင်ကြလိမ့်မယ်လို့ ထင်ပါတယ် ။
မိုးကုတ်ဒေသဟာ ပတ္တမြားအများစု ထွက်ရှိရာဒေသဖြစ်တဲ့အတွက် မိုးကုတ်ကို ❝ ပတ္တမြားမြေ ❞ လို့တောင် တင်စားခေါ်ဝေါ်ကြတယ်ဆိုတာ အားလုံးလည်း သိထားပြီးဖြစ်မယ်လို့ ထင်ပါတယ် ။
အခုပြောပြချင်တာလေးကတော့ ပတ္တမြားမှာရှိတဲ့ အရည်အသွေး ခွဲခြားသတ်မှတ်ပုံလေးတွေပါ ။
ပတ္တမြားနဲ့ပတ်သက်ရင် –
ပုံမှန်တော့ ခိုသွေးနဲ့ ပန်းရောင်အရည်လေးတွေကိုပဲ အများစုသိထားကြပါတယ် ။
ခိုသွေးနဲ့ ပန်းရောင်အရည်အပြင် ဘယ်လို ပတ္တမြားအရည်တွေ ရှိနေအုံးမလဲ အတူတူလေ့လာကြည့်လိုက်ရအောင် ။
လည်သီးရည်
ကြက်ဖလည်ပင်းမှထွက်သော သွေးအရောင်၊ အနီရောင်အပြည့်ရှိသည့် ပတ္တမြားကျောက်ကို ခေါ်ခြင်းဖြစ်ပါတယ်။
ငရှဉ့်သွေးရည်
ငရှဉ့်သွေးကဲ့သို့ အနီရောင်ရှိသည့် ပတ္တမြားကျောက်ကို ခေါ်ခြင်းဖြစ်ပါတယ်။
ခိုသွေးရည်
ပတ္တမြားကျောက် အနီရောင်တွင် အပြာရည်စွက်သော အရောင်ကို ခေါ်ခြင်းဖြစ်ပါတယ်။
ယုန်သွေးရည်
ပတ္တမြားကျောက် အနီရောင်တွင် အဝါရည်စွက်သောအရောင်ကို ခေါ်ခြင်းဖြစ်ပါတယ်။
သပြေသီးရည်
ပတ္တမြားကျောက် အနီတွင် အပြာ၊ အညို ရောယှက်နေသည့် သပြေသီးမှည့် အရောင်ကို ခေါ်ခြင်းဖြစ်ပါတယ်။
ဘုံဘိုင်ညွန့်ရည်
နှင်းဆီပန်းအရောင်ရင့်၏ စိုပြေသော နီနီရဲရဲ အရောင်မျိုးကို ခေါ်ခြင်းဖြစ်ပါတယ်။
ဘုံဘိုင်ရည်
လူငယ်၏အသွေးအရောင်ကဲ့သို့ အနီရောင်သက်သက်မျိုးကို ခေါ်ခြင်းဖြစ်ပါတယ်။
ကျောက်တိမ်းရည်
အနီတွင် အပြာရည်လွန်သော အရောင်မျိုးကို ခေါ်ခြင်းဖြစ်ပါတယ်။
အရည်ကျ
အနီရောင် ဖျော့သောအရောင်မျိုးကို ခေါ်ခြင်းဖြစ်ပါတယ်။
ပန်းရည်
နှင်းဆီပန်းရောင်ကဲ့သို့ အရောင်မျိုးကို ခေါ်ခြင်းဖြစ်ပါတယ်။
ကြက်သည်းရောင်အရည်
ညိုပုပ်ပုပ်နှင့် မည်းသယောင်ယောင်နီသော အနီပုပ်ရောင်မျိုးကို ခေါ်ခြင်းဖြစ်ပါတယ်။
ကြက်သွန်ဥခွံအရည်
အနီရောင်ဖျော့လျှက် ဖြူသယောင် အရောင်မျိုးကို ခေါ်ခြင်းဖြစ်ပါတယ်။
ထုံးခြောက်ရည်
နီသော်လည်း ဖြူပြီး ခြောက်တောက်တောက် ဖြစ်နေသော အရောင်မျိုးကို ခေါ်ခြင်းဖြစ်ပါတယ်။
ကတ္တီပါရည်
ကတ္တီပါအပြာစ ကဲ့သို့ အပြာရောင်ရှိသော နီလာကျောက်ကို ခေါ်ခြင်းဖြစ်ပါတယ်။
Crd:
See insights
Boost a post
All reactions:
5454