❝ ဆန် နဲ့ ရွှေ အလွယ်မှတ်နည်း ❞

✍️

❝ ဆန် နဲ့ ရွှေ အလွယ်မှတ်နည်း ❞ ✍️

__________________________

ရွှေချစ်သူလေးတွေအတွက် ❝ ဆန် နဲ့ ရွှေ အလွယ်မှတ်နည်း ❞ လေးကို မျှဝေပေးမယ်နော်..✅

ဆန် ၁ တင်းမှာ ၁၆ ပြည်ရှိသလို

ရွှေ ၁ ကျပ်သားမှာ ၁၆ ပဲရှိပါတယ် ။

ဆန် ၈ ပြည်ကို တစ်ခွဲလို့ ခေါ်သလို

ရွှေ ၈ပဲ ကို ငါးမူးလို့ ခေါ်ပါတယ် ။

ဆန် ၄ ပြည်ကို တစ်စိပ်လို့ ခေါ်သလို

ရွှေ ၄ ပဲကို တစ်မတ်သားလို့ ခေါ်ကြပါတယ် ။

ဆန် ၁ ပြည်မှာ နို့ဆီဗူး ၈ လုံးရှိသလို

ရွှေ ၁ ပဲမှာလည်း ရွေးလေး ၈ ရွေးရှိပါတယ် ။

ဆန် ၁ တင်းမှာ နို့ဆီဗူး ၁၂၈ လုံး ရှိသလို

ရွှေ ၁ ကျပ်သားမှာလည်း ၁၂၈ ရွေးရှိပါတယ် ။

ဒါလေးတွေကတော့ ဆန် နဲ့ ရွှေကို မြင်သာအောင် တွဲစပ်ပြထားတာ ဖြစ်ပြီး နှစ်မျိုးစလုံး အရေးကြီးတယ် ဆိုတာလေးကို ပြောပြပေးချင်တာပါ ။✍️✍️